ဤလောကတွင် တစ်ဦးကောင်း တစ်ယောက်ကောင်းရုံနှင့် ပြီးမြောက်နိင်သော ကိစ္စများရှိသကဲ့သို့ အများနှင့်ပူးပေါင်းဆောင်ရွက်ပါမှ ပြီးမြောက်နိုင်သော ကိစ္စများလည်း များစွာပင်ရှိပါသေး၏။

Tuesday, April 6, 2010

တရားဟောရန်တောင်းပန်ခြင်း

သုံးကြိမ်မြောက်လည်း သဟမ္ပတိဗြဟ္မာသည် မြတ်စွာဘုရားအား-

" မြတ်စွာဘုရား၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရားသည် တရားဟောတော်မူ

ပါလော၊ ( ပညာ ) မျက်စိ၌ (ကိလေသာ ) မြူနည်းပါးသော သတ္တဝါတို့သည် ရှိပါ
ကုန်၏။ ( ထိုသတ္တဝါတို့သည် ) တရားကိုမနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏။
တရားကို သိသူတို့သည် ရှိကြပါကုန်လတ္တံ့" ဟုလျှောက်၏။

သဟမ္ပတိဗြဟ္မာသည် ဤစကားကိုလျှောက်ပြီးနောက် ထိုမှတစ်ပါး ဤစကားကို
လည်း လျှောက်ပြန်၏။

" ရှေးအခါ မဂဓတိုင်းတို့၌ ( ရာဂ ) စသော အညစ်အကြေးရှိသူ ဂိုဏ်းဆရာကြီးတို့
ကြံဆအပ်သော မစင်ကြယ်သော မိစ္ဆာအယူတရားသည် ထင်ရှားဖြစ်ပေါ်ခဲ့ပါသည်။
အမြိုက်နိဗ္ဗာန်၏ တံခါးကို ဖွင့်လှစ်တော်မူပါလော။ အညစ်အကြေး ကင်းတော်မူသော
မြတ်စွာဘုရားသည် သဘာဝနှင့်အလျော် သိတော်မူအပ်သော ( သစ္စာလေးပါး )
တရားကို (သတ္တဝါအများ ) နာကြားကြပါစေကုန်လော့။"

"ကောင်းမြတ်သော ပညာ့ရှင် ဖြစ်တော်မူသော မြတ်စွာဘုရား၊ ထက်ဝန်းကျင် (မြင်
နိုင်စွမ်းသော ဉာဏ် ) မျက်စိရှိတော်မူသော မြတ်စွာဘုရား၊ ကျောက်တောင်ထိပ်၌
ရပ်တည်လျှက်ရှိသော ယောင်္ကျားသည် ထက်ဝန်းကျင် လူအပေါင်းကို ကြည့်ရှုသကဲ့
သို့ ထို့အတူ စိုးရိမ်ပူဆွေး ကင်းဝေးတော်မူသော အရှင်ဘုရားသည် ပညာ (ဓမ္မ) ဖြင့်
ပြီးသော ပြာသာဒ်ထက်သို့တက်တော်မူ၍ ပဋိသန္ဓေနေခြင်း အိုခြင်းတို့ နှိပ်စက်အပ်
သဖြင့် စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်းကျရောက်နေသော သတ္တဝါအပေါင်းကို
ကြည့်ရှုတော်မူပါလော့။"

"ရဲရင့်တော်မူသော မြတ်စွာဘုရား၊ အောင်ပွဲယင်တော်မူပြီးသော မြတ်စွာဘုရား၊
ထတော်မူပါလော့၊ ကိလေသာကြွေး ကင်းဝေးတော်မူပြီးသော မြတ်စွာဘုရား၊
လောက၌ လှည့်လည်တော်မူပါလော့၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ တရား
ဟောတော်မူပါလော့။ (တရားကို) သိသူတို့သည် ရှိပါကုန်လတ္တံ့" ဟု (လျှောက်
ပြန်၏) ။

ထိုအခါ မြတ်စွာဘုရားသည် ဗြဟ္မာ၏တောင်းပန်ခြင်းကို အသိအမှတ်ပြုတော်မူ
ပြီးလျှင် သတ္တဝါတို့၌ သနားခြင်းကိုလည်း အကြောင်းပြု၍ ဗုဒ္ဓစက္ခုဖြင့် လောက
ကို ကြည့်တော်မူ၏။ မြတ်စွာဘုရားသည် လောကကို ကြည့်တော်မူလတ်သော်-

(ပညာ) မျက်စိ၌ (ကိလေသာမြူ) နည်းပါးသူ/(ပညာ) မျက်စိ၌ (ကိလေသာမြူ)
များပြားသူ-
ဣနြေ္ဒရင့်ကျက်ပြီးသူ/ ဣနြေ္ဒနုသေးသောသူ-
ကောင်းသောအခြင်းအရာရှိသူ/ မကောင်းသော အခြင်းအရာရှိသူ-
သိစေရန်လွယ်ကူသူ/ သိစေရန်ခက်ခဲသူ-
တမလွန်လောကအပြစ်တို့ကို ဘေးဟုရှုလျှက် နေလေ့ရှိသူအချို့နှင့် တမလွန်
လောကအပြစ်တို့ကို ဘေးဟုရှုလျှက် နေလေ့မရှိသူအချို့တို့ကို မြင်တော်မူ၏။

ဥပမာသော်ကား-
ဥပ္ပလကြာတော၌လည်းကောင်း၊ ပဒုမ္မာကြာတော၌လည်းကောင်း၊ ပုဏ္ဍရိက်
ကြာတော၌လည်းကောင်း၊ အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာ
တို့သည် ရေ၌ပေါက်ကုန်၏၊ ရေ၌ကြီးပွါးကုန်၏၊ ရေမှမပေါ်ထွက်သေးကုန်၊
ရေထဲ၌မြုပ်၍ ဖွိ့ဖြိုးကုန်၏၊

အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာတို့သည် ရေ၌ပေါက်ကုန်၏၊
ရေ၌ကြီးပွါးကုန်၏၊ ရေနှင့်အညီ တည်ကုန်၏။

အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာတို့သည် ရေ၌ပေါက်ကုန်၏၊
ရေ၌ကြီးပွါးကုန်၏၊ ရေပေါ်သို့တက်၍ တည်ကုန်၏၊ ရေနှင့်မလိမ်းကပ်ကုန်။
ဤအတူသာလျှင် မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့် လောကကိုကြည့်ရှုတော်
မူလတ်သော်-

(ပညာ) မျက်စိ၌ (ကိလေသာမြူ) နည်းပါးသူ/(ပညာ) မျက်စိ၌ (ကိလေသာမြူ)
များပြားသူ-
ဣနြေ္ဒရင့်ကျက်ပြီးသူ/ ဣနြေ္ဒနုသေးသောသူ-
ကောင်းသောအခြင်းအရာရှိသူ/ မကောင်းသော အခြင်းအရာရှိသူ-
သိစေရန်လွယ်ကူသူ/ သိစေရန်ခက်ခဲသူ-
တမလွန်လောကအပြစ်တို့ကို ဘေးဟုရှုလျှက် နေလေ့ရှိသူအချို့နှင့် တမလွန်
လောကအပြစ်တို့ကို ဘေးဟုမရှုဘဲ နေလေ့ရှိသူအချို့တို့ကို မြင်တော်မူသော
ကြောင့် သဟမ္ပတိဗြဟ္မာအား-

"ဗြဟ္မာ၊ လေ့လာပြီးသော တရားမြတ်ကို ပင်ပန်းရုံသာဟု အမှတ်ရှိသည်ဖြစ်၍
လူတို့အားမဟောခဲ့ပြီ (မဟောဘဲနေရန် အကြံဖြစ်ခဲ့ပြီ) ၊ ပညာတည်းဟူသော
နားနှင့် ပြည့်စုံသောသူတို့သည် ယုံကြည်ခြင်း (သဒ္ဓါတရား) ကို စေလွှတ်ကြကုန်
လော့၊ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးကို ငါဖွင့်အပ်ပြီ"ဟု ဂါထာဖြင့်မိန့်တော်မူ၏။

ထိုအခါ သဟမ္ပတိဗြဟ္မာသည် "မြတ်စွာဘုရားသည် တရားသောရန် ငါ့အား
ခွင့်ပြုတော်မူပြီ"ဟု (သိသဖြင့်) မြတ်စွာဘုရားအား ရှိခိုးလျှက် အရိုအသေပြု
ပြီးလျှင် ကွယ်သွားလေ၏။


ခက်ဆစ်။ ။

ဗုဒ္ဓစက္ခု = (၁) သတ္တဝါတို့၏ ဣနြေ္ဒအနုအရင့်ကိုသိသော ဣန္ဒြိယပရောပရိယတ္တိ
္ပဉာဏ်၊ (၂) သတ္တဝါတို့၏ စိတ်ဓာတ်ကိန်းဝပ်ရာ အာသယ နှင့် အနုသယကိလေသာ
တို့ကို သိသော အာသယာနုသယဉာဏ၊် ဤဉာဏ် (၂) ပါးကို ဗုဒ္ဓစက္ခုဟုခေါ်သည်။

ဥပ္ပလကြာ = ကြာဖြူ
ပဒုမ္မာကြာ = ကြာနီ
ပုဏ္ဍရိက် = ကြာညို

ဣနြေ္ဒအနုအရင့် = သဒ္ဓိနြေ္ဒ၊ ဝိရိယိနြေ္ဒ၊ သတိနြေ္ဒ၊ သမာဓိနြေ္ဒ၊ ပညိနြေ္ဒ စသည့်
ဣနြေ္ဒတို့၏ အနုအရင့်။

အခြင်းအရာ = ကာယကံ၊ ဝစီကံ၊ မနောကံ

( ဝိနည်းမဟာဝါပါဠိတော်၊ မြန်မာပြန်မှ ထုတ်နှုတ်ဖေါ်ပြပါသည်)

ဤဗြဟ္မယာစနကထာတွင် ဗြဟ္မာချီးကျူးလျှောက်ထားသော မြတ်စွာဘုရားရှင်၏
ဂုဏ်တော်များ၊ ဘုရားရှင်မြင်တော်မူခဲ့သော သတ္တဝါအမျိုးအစားများ၊ တရားသိမြင်
နိုင်ရန်အတွက် ပညာနားနှင့် သဒ္ဓါတရားရှိရန်လိုအပ်ပုံတို့ကို လေ့လာကြည်ညိုနိုင်ကြ
ပါသည်။

Email မှလက်ခံရရှိသော ဒကာလေးတစ်ဦး၏ တိုက်တွန်းချက်ကြောင့် ဘာသာရေး
စာပေများကိုလေ့လာလိုက်စားနေကြသူ သူတော်ကောင်းတို့အကျိုးငှါ ပိဋကတ်
မြန်မာပြန်မှ ထုတ်နှုတ်၍ ဓမ္မမိတ်ဆက်အနေဖြင့် အလျဉ်းသင့်သလို တင်ပြပေးသွားမည်
်ဖြစ်ပါကြောင်း။ ဤဘလော့ Title ကိုလည်း ဓမ္မမိတ်ဆက်ဟု ပြောင်းလဲလိုက်ပါကြောင်း။
Email မှနေ၍ အတိုက်တွန်းအကြံပြုသော ဒကာလေးအား ကျေးဇူးအထူးတင်ရှိပါ၏။

Sunday, April 4, 2010

The four kinds of genuine pleasure for layman

A person who wants to live happily by a peaceful layman with family
should know this doctrine,the four kinds of genuine pleasure of The Buddha;

Once the Buddha explained to the millionaire,Anathapindika,
his chief benefactor,that the
four kinds of genuine satisfaction
and material pleasure that could be enjoyed by a layman for

leading a happy and peaceful family life were as following:--


(1) A sufficient income ( Atthi Sukha )

If a layman has save some money, accumulated some wealth
and property in a righteous way, without indulging any of the forbidden
trades or professions he will be able to enjoy a genuine satisfaction
in thinking of his own future security in life.

(2) Enjoyment of Wealth ( Bhoga Sukha )

This happiness can be enjoyed by a layman, when he spend his money
in profitable ways in looking after his parents, wife and children and doing
meritorious deeds. The one who miserly hoards money will not be able to enjoy
this worldly happiness.

(3) Freedom from debts ( Anana Sukha )

This happiness can also be enjoyed by a layman who is not indebted
to anybody. If one is indebted to other owing to borrowing of money or other
articles, he will have no peace, happiness or consolation in his mind until he
himself gets rid of the debt.

(4) Harmless Life ( Anavajja Sukha )

This happiness can be enjoyed by a householder who leads a harmless
life without doing any harm,danger, damage or causing misery to any of his
fellow beings. If he has done any wrong or harm to anybody, he can't enjoy
any sort of satisfaction when he thinks of his own unwholesome deeds.
One day even at his death bed he, himself, will recollect and repent his wrongful
actions in his mind. By this we can understand how much the Buddha was
concerned about the material welfare of his lay disciples.

( အင်္ဂုတ္တရပါဠိတော် ၊ ပတ္တကမ္မဝဂ်၊ အာနဏျသုတ် -အင်္ဂလိပ်ဘာသာပြန်မှ)

Wednesday, March 31, 2010

မိဘကျေးဇူးဆပ်ချင်သူ



"အရှင်ဘုရား၊ အလုပ်များနေပါသလားဘုရား။"

"အော်-မများပါဘူး၊ နေကောင်းရဲ့လား။"

"တင်ပါကောင်းပါတယ်ဘုရား။"

"တပည့်တော်ခုတစ်လော မိဘတွေကို အရမ်းသတိရနေတယ်ဘုရား။"

"အင်း"

"လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘာကြောင့်ဝေးဝေးသွားရတာလဲ
ဘုရား၊"

"ဟိုက ဒီက အမှိုက်တွေဟာ လေတိုက်လို့ပဲ ပေါင်းဆုံမိကြတယ်၊ အဲ လေတိုက်
လို့ပဲပြန်ကွဲသွားကြရတယ်လို့ ဘုရားပေးထားတဲ့ ဥပမာတစ်ခုရှိပါတယ်။"


"တင်ပါဘုရား၊ လူတွေက ရေစက်ရှိလို့တွေ့ကြရတယ်ထင်ပါတယ်ဘုရား။"

"ဟုတ်ပါတယ်။"

"တပည့်တော် ရန်ကုန်မှာနေရင် အရှင်ဘုရားနဲ့ဘယ်လိုလုပ်ပြီးတွေ့နိုင်ပါ့မလဲဘုရား။"

"အင်း-
ရေစက်ကုန်ရင် တစ်ယောက်နဲ့တစ်ယောက် ဘာမှမဖြစ်ကြပေမဲ့ အလိုလို စိမ်းသွားလေ့ရှိကြတယ်။"

"တင်ပါ့ဘုရား၊ ရေစက်ဆိုတာ ရှေးဘ၀တွေက ကုသိုလ်တွေအတူတူလုပ်ခဲ့ဘူး
တာကိုပြောတာလားဘုရား။"

"သိပ်ဟုတ်တာပေါ့၊ ပါဠိလိုတော့ သဟပုညကာရီ လို့ခေါ်တယ်။"

"တင်ပါ၊ ဒါဆိုရင် ခဏ တွေ့တာဖြစ်နိုင်သလိုအကြာကြီးတွေ့တာလ
ဲဖြစ်နိုင်တာပေါ့ဘုရား။"

"ဟုတ်တယ်"

"ဒါဆိုအမြဲတွေ့နေရတဲ့လူတွေက ရေစက်တော်တော်ကြီးလို့ပေါ့ဘုရား။"

"အင်း-ဒီလိုပဲပြောရမှာပေါ့၊ ကုသိုလ်အတူမပြုဖူးခဲ့ကြပေမယ့် ရန်ငြိုးရန်စ
ရှိခဲ့ကြရင်လည်း တွေ့နိုင်ကြပါသေးတယ်။"

"ဒါကြောင့် တပည့်တော် တို့ အလုပ်လုပ်တဲ့အခါ အမြဲလိုလို သူဌေးတွေပြောင်းပြောင်းလုပ်သွားကြတာ ရေစက်ကုန်လို့နေမှာပါဘုရား။"

"ဟုတ်တယ်၊ လေတိုက်လို့ ဆုံကြတဲ့အမှိုက်တွေဟာ လေတိုက်လို့ပဲ ပြန်ကွဲသွားကြရတယ်၊ ဒါ ဘုရားပေးတဲ့ဥပမာပါ။"

"အော်တင်ပါဘုရား၊ ကံကဆုံခိုင်း ပြီး ကံကပဲခွဲခိုင်းတာပေါ့နော်ဘုရား။"

"ဟုတ်တယ်၊ အဲဒီအတိုင်းပဲ။"

"ဒါဆို သံယောဇဉ် များများထားတာမကောင်းဘူးဘုရား။"

"အဲဒါအမှန်ပဲ၊ တစ်ယောက်နဲ့တစ်ယောက်ခင်မင်ကြတယ်ဆိုရာမှာ
ခင်တာကကောင်းတယ်၊ မင်တာကမကောင်းဘူး။"

"တင်ပါဘုရား၊ စိတ်ကိုခိုင်ခိုင်ထားရတာပေါ့ဘုရား။"

"အဲဒီအဓိပ္ပါယ်ဟာတော်တော်လေးနက်ပါတယ်။"

"တင်ပါဘုရား။"

"ခင်တာနဲ့ မင်တာ မတူဘူး။"

"တင်ပါဘုရား၊ မင်တယ်ဆိုတာ မရှိရင်မဖြစ်တာလို့ထင်တာပဲဘုရား။'

"ဟုတ်တယ်။'

"တင်ပါ၊ ကံကြောင့်ပဲ တပည့်တော် မိဘတွေနဲ့ ဝေးဝေးနေရတာပေါ့နော်ဘုရား။
တခါတလေ တော့ စိတ်ထဲမှာ ပြင်းပြင်းထန်ထန်သတိရပါတယ်ဘုရား
ဒါပေမဲ့ အရင်လောက် မလွမ်းတော့ဘူးဘုရား။"


"ဟုတ်တယ် ဦးဇင်းတို့လဲဒီအတိုင်းပါပဲ။"

"အားငယ်တဲ့အခါ စိတ်ညစ်တဲ့အခါပေါ့ဘုရား။"

"ဒါပေမဲ့ လူတွေက မိမိကိုယ်သာကိုးကွယ်ရာပါဘုရား။"

"ဟုတ်တယ်၊ အဲဒါအမှန်ဆုံးပဲ။"

"အရင်က မိသားစုတွေ အတွက်သိပ်စိတ်ပူတက်တယ်ဘုရား။"

"အင်း"

"ဒါပေမဲ့ တပည့်တော် ပြေးကြည့်လို့လဲရတာမဟုတ်ဘူးဆိုတော့ စိတ်လျော
့ပြီးတော့တက်နိုင်သလောက် သူတို့ စိတ်ချမ်းသာအောင်နေမယ်လို့ပဲဆုံးဖြတ်
ထားပါတယ်၊ လူတွေက သတ္တ၀ါတစ်ခု ကံတစ်ခု ပဲဘုရား။"

"အဲလိုစိတ်မွေးနိုင်ရင် ချမ်းသာတယ်။"

"ဘာမှ လုပ်ယူလို့မရပါဘူး၊သူ့ကံအကြောင်းနဲ့သူလာတာမို့လို့၊
လမ်းမမှားအောင်ပဲထိန်းပေးလို့ရပါတယ်၊ "

"အင်း"

"တပည့်တော်အဖေက အရမ်းအလုပ်များပါတယ်ဘုရား။ တပည့်တော်က
အဲဒါတွေကိုလျှော့ပြီး အဖေနဲ့အမေကို တရားအားထုတ်စေချင်ပါတယ်ဘုရား။
အဲလိုဖြစ်အောင်လည်းတိုက်တွန်းနေပါတယ်။ အမေကတော့ အလှူအဒါန်း
ဝါသနာပါပေမယ့် တရားအားထုတ်ဖို့ကျတော့ သိပ်ဝါသနာမပါသေးဘူးဘုရား။"

"တိုက်တွန်းဖန်များရင်ရလာမှာပါ၊ ဘယ်မိဘမဆို ကိုယ့်သားသမီးကိုကိုယ်
လေးစားလာပြီဆိုရင် သားသမီးစကား နားထောင်လာကြတာပါပဲ။ မိဘ
တွေကလေးစားလာအောင် ကိုယ်ကနေထိုင်တတ်ရမယ်။ အဲဒါမျိုးကို
အတိဇာတသားသမီးလို့ ခေါ်တယ်မဟုတ်လား။"

"တင်ပါ့ဘုရား။ တပည့်တော်ကိုတော့ အလေးထားကြပါတယ်ဘုရား။
တပည့်တော်မိဘတွေကို ပစ္စည်းဝတ္ထုနဲ့သာမက တရားဓမ္မနဲ့ပါ
ကျေးဇူးဆပ်နိုင်အောင် ကြိုးစားသွားမှာပါဘုရား။"

"သိပ်ကောင်းတာပဲ။"

"တင်ပါဘုရား၊ ခွင့်ပြုပါဦးဘုရား၊ "

"ကောင်းပါပြီ။"

"နောက်လည်းမေးစရာရှိရင် မေးခွင့်ပြုပါဘုရား။"

"မေးနိုင်ပါတယ်၊ သိသလောက်ဖြေရတာပေါ့။"

"တင်ပါ့၊ ဦးတင်ပါတယ်ဘုရား။"


Monday, March 29, 2010

Why was the Sangha established by the Buddha?

There are some who believe that Buddhism is so lofty
and sublime a system that it cannot be practised by
ordinary men and women in this workaday world of ours,
and that one has to retire from it to a monastery, or to
some quiet place, if one desires to be a true Buddhist.

This is a sad misconception, due evidently to a lack of
understanding of the teaching of the Buddha. People run
to such hasty and wrong conclusions as a result of their
hearing, or reading casually, something about Buddhism
written by someone, who, as he has not understood the
subject in all its aspect, gives only a partial and lopsided
view of it. The Buddha's teaching is meant not only for a
monks in monasteries, but also for ordinary men and
women living at home with their families. The Noble
Eightfold Path, which is the Buddhist way of life, is meant
for all, without distinction of any kind.

The vast majority of people in the world cannot turn monk,
or retire into caves or forest. However noble and pure
Buddhism may be, it would be useless to the masses of
mankind if they could not follow it in their daily life in the
world of today. But if you understand the spirit of Buddhism
correctly ( and not only its letter) , you can surely follow and
practise it while living the life of an ordinary man.

There may be some who find it easier and more convenient
to accept Buddhism, if they do live in a remote place, cut off
from the society of other. Others may find that that kind of
retirement dulls and depresses their whole being both phys-
ically and mentally, and it may not therefore be conducive
to the development of their spiritual and intellectual life.

True renunciation does not mean running away physically from
the world. Sariputta, the chief disciple of the Buddha, said that
one man might live in a forest devoting himself to ascetic
practices, but might be full of impure thoughts and 'defilements';
another might live in a village or town, practising no ascetic disc-
ipline, but his mind might be pure, and free from 'deflements'.
Of these two, said Sariputta, the one who lives a pure life in the
village or town is definitely far superior to, and greater than, the
one who lives in the forest.

The common belief that to follow the Buddha's teaching one has
to retire from life is a misconception. It is really an unconscious
defence against practising it. There are numerous references in
Buddhist literature to men and women living ordinary, normal
family lives who successfully practised what the Buddha taught,
and realized Nirvana. Vacchagotta the Wanderer, (whom we met
earlier in the chapter on Anatta), once asked the Buddha straight
forwardly whether there were laymen and women leading the
family life who followed his teaching successfully and attained to
high spiritual states. The Buddha categorically stated that there
were not one or two, not a hundred or two hundred or five hun-
dred, but many more laymen leading the family life who followed
his teaching successfully and attained to high spiritual states.

It may be agreeable for certain people to live a retired life in a
quiet place away from noise and disturbance. But it is certainly
more praise worthy and courageous to practise Buddhism living
among your fellow beings, helping them and being of service to
them. It may perhaps be useful in some cases for a man to live
in retirement for a time in order to improve his mind and char-
acter, as preliminary moral, spiritual and intellectual training, to
be strong enough to come out later and help other. But if a man
lives all his life in solitude, thinking only of his own happiness and
'salvation', without caring for his fellows, this surely is not in kee-
ping with the Buddha's teaching which is based on love, compas-
sion, and service to others.

One might now ask: If a man can follow Buddhism while living
the life of an ordinary layman, why was the Sangha, the Order
of monks, established by the Buddha? The Order provides opp-
ortunity for those who are willing to devote their lives not only to
their own spiritual and intellectual development, but also to the
service of others. An ordinary layman with a family cannot be
expected to devote his whole life to the service of other,
whereas a monk, who has no family responsibilities or any other
worldly ties, is in a position to devote his whole life ' for the good
of the many, for the happiness of the many' according to the
Buddha's advice. That is how in the course of history, the Buddhist
monastery became not only a spiritual center, but also a center
of learning and culture.

Venerable Prof. Dr Walpola Sri Rahula Maha Thera


( ဆရာတော် ဒေါက်တာ ဝါလ်ပိုလာရာဟုလာ၏ "WHAT THE BUDDHA
TAUGHT" စာအုပ်မှ ကူးယူဖော်ပြပါသည်)

Saturday, March 27, 2010

လွှတ်တင်ခြင်းနှစ်မျိုး

"သားသမီးဆိုတာတွေက တယ်ခက်တာကိုးဘုရား"ဟူသော ညည်းတွားသံလိုလို
တိုင်တောသံလိုလိုကြားလိုက်ရ၍ အသံလာရာသို့ကြည့်လိုက်ရာ ဝတ်ပြုဦးချနေသော
ကျောင်းဒကာကြီးဦးလူဝကို တွေ့လိုက်ရ၏။

"ဘာတွေခက်နေတာလဲ ဒကာကြီးရ"

"အော် သားသမီးဆိုတာ တကယ့်မီးပါလားဆိုတာ ညည်းမိတာပါဘုရား"။

"ရှင်းစမ်းပါဦးဒကာကြီးရဲ့"

"တပည့်တော်အိမ်က င/မူးကောင် ကိုသိတယ်မဟုတ်လားဘုရား၊
ဆိုးမောင်ဆိုတဲ့ကောင်လေ၊ တိုးမောင်နာမည်ပျောက်ပြီး ဆိုးမောင်လို့
တွင်နေတဲ့ကောင်ပေါ့။"

"အင်း- သိတယ်။"

"ဟိုတစ်လောကပဲ ရွာထဲမှာ ဆဲဆိုလို့ဆိုပြီး ဂါမပညတ်အဖွဲ့က ငွေ ၅၀၀၀/ိ
ဒဏ်တပ်ထားတာ၊ ခုတစ်ခါလာပြန်ဘုရား နောက်ထပ်ဆဲလို့တဲ့၊ ဒဏ်ငွေ
၅၀၀၀/ိ လျော်ရမတဲ့ဘုရား။ "

ဤအရှင်လည်း ဦးလူဝကိုမသက်မသာနှင့် ကြည့်လိုက်မိရင်း သူ့သား
တိုးမောင်အကြာင်းကို တွေးနေမိပါတော့၏။

ဦးလူဝတွင် သားသမီး (၆)ယောက်ရှိရာ တိုးမောင်သည် စတုတ္ထမြောက်ဖြစ်၏။
အများတကာ (၄) တန်းအောင်လျှင် ကျောင်းထွက်ရသောအချိန်တွင် ဦးလူဝကား
သူ့သားတိုးမောင်ကို မြို့ကျောင်းသို့ပို့ကာစာသင်စေ၏။ သို့သော် ဦးလူဝမျှော်မှန်း
သကဲ့သို့ကားမဖြစ်လာ၊ (၈) တန်းတွင် ၂ နှစ်ကျပြီး ကျောင်းမှထွက်လိုက်ရ၏။

ဦးလူဝကား သူ့သားကို ပန်းထိန်ဆရာထံအပ်ပြန်လေသည်။ လက်ခစားကလေး
ရခါနီးတွင် ပြသနာတက်၍ ပန်းထိန်လည်းမယ်မယ်ရရမတတ်ခဲ့ပြန်။ မကြာမီ
တိုးမောင်တစ်ယောက် ရွာမှပျောက်သွား၏။ ထိုင်းသို့သွားသည်ဟုဆိုကြ၏။
တစ်နှစ်မျှမကြာမြင့်မီ ရွာသို့ပြန်ရောက်လာ၏။

လူပြုစားခံလာရသလိုလို၊ ဟိုလိုလို သည်လိုလို သတင်းတွေနဲ့အတူ တိုးမောင်
တစ်ယောက်မသောက်ရမနေနိုင် အရက်သမားဘဝလုံးလုံးရောက်ပြီးမှ ပြန်
ရောက်လာခြင်းဖြစ်၏။ မူးလာပြီဆိုလျှင် သူကြောက်သူအချို့မှလွဲ၍ မိဘသော
မိမဘသောမရှောင် ဆိုဆဲတတ်လာခဲ့၏။ မောင်နှင့်နှမ သားနှင့်အမိ မကြားဝံ့
မနာသာ ဘယ်ကရလာသည်မသိ ဆဲနည်းမျိုးစုံ တိုးမောင်ထံတွင် ပုံနေချေ၏။

ကောင်းလိမ့်မည်အထင်နှင့် ကျောင်းဆိုကျောင်း၊ ပန်းထိန်ဆိုပန်းထိမ်၊ နိုင်ငံခြားဆို
နိုင်ငံခြား ထောက်ပံ့ခဲ့ကြရှာသောမိဘများမှာ ယခုတော့ ကိုယ့်အိမ်မှ ကိုယ်ကပ်၍
မရနိုင်တော့၊ သကောင့်သား၏ အဆဲဒဏ်ကား လွန်လွန်းလှချေ၏တကား။

မိဘကိုယ်တိုင်မထိန်းနိုင်၍ ယခုတော့ ရွာကကိုင်ရချေပြီ။ ဂါမပညတ်အဖွဲ့မှ ဒဏ်ရိုက်၏။
တစ်ခါဆဲတစ်ခါ ၅၀၀၀/ိ တန်သမ္မန်စာ လာပေတော့မည်တည်း။ ဂါမပညတ်ကတပ်သော
ဒဏ်ကြေးကိုဖီဆန်ဝံ့သူကားမရှိသေး။ ဂါမပညတ်အဖွဲ့ကား ရွာကျောင်းဘုန်းကြီးအဝင်အပါ
ရပ်မိရပ်ဘ ကာလသားများပါမကျန် လက်မှတ်ကောက်ခံဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဂါမနှင့်
မရပါက ရာဇနှင့်အရေးယူနိုင်ရန်အထိ စနစ်တကျ စီစဉ်ထားခြင်းဖြစ်ရာ ခိုင်မာလှချေ၏။

ဤဆောင်းပါးတွင် တင်ပြလိုသည်မှာမိဘများနှင့်ပတ်သက်သော ဥပမာနှစ်ရပ်ပင်ဖြစ်ပါ၏။
မီးပုံးပျံလွှတ်သူနှင့်တူသောမိဘနှင့် စွန်လွှတ်သူနှင့်တူသောမိဘ ဟူ၍ဖြစ်၏။

အမြင့်သို့လွှတ်ပုံချင်းတူကြသော်လည်း----
မီးပုံးပျံလွှတ်သူတို့ကား မှိုင်းဝအောင် ထိုး၍ ဒိုးလိုရာဒိုးစေဟု မဆိုသော်လည်း
ဆိုသသကဲ့သို့ပင် တွန်းတင်လွှတ်လိုက်တတ်ကြ၏။ မြေပေါ်မှကြွမှမကြွရသေးမီကပင်
သံချပ်တကျော်ကျော်ဖြင့် အမွှမ်းတင်တတ်ကြ၏။လက်မှလွတ်၍ တက်လေလျှင်ကား
ပျော်ရွှင်မဆုံးကြတော့ပြီ။

ဘယ်ဆီရောက်၍ ဘယ်ဆီပေါက်လေမည်ကား သူတို့မသိရှာ။ လမ်းမှာတင် မီးလောင်
်သွားနိုင်သကဲ့သို့ မြစ်ထဲချောင်းထဲလည်းကျသွားနိုင်၏၊ ဆူးခြုံတောလည်းရောက်သွား
နိုင်သည်တည်း။ ထို့ကြောင့်,တင်လိုက်သောမီးပုံးပျံ ပြန်မရသည်သာများလေ၏။

စွန်လွှတ်သူတို့ကားတစ်ဘာသာ၊ မိမိတင်သောစွန်ကို မပြတ်တမ်းအကဲခတ်၏။
လေကြမ်းလျှင် လျှော့တန်လျှော့၊ လေပျော့လျှင် တင်းတန်တင်းနှင့် အမြင့်သို့
မရောက်မချင်း လည်ပင်းတမော့မော့နှင့် နည်းစုံဖော့၍ တင်တတ်ကြ၏။ ထို့ကြောင့်
တင်လိုက်သောစွန် အချိန်တန်လျှင် ပြန်၍ရတတ်သည်သာများလေသည်။

ယခု တိုးမောင်၏ဖခင်ကား သူ့သားကို စွန်လွှတ်သကဲ့သို့ လွှတ်တင်ခဲ့သူကားမဟုတ်ခဲ့။
မီးပုံးပျံ လွှတ်သကဲ့သို့လွှတ်တင်ခဲ့သူသာတည်း။ ပဲ့ထိန်းစနစ်မပါရှိသော လွှတ်တင်ရေး
လမ်းကြောင်းနီးပါးတိုင်းလိုလိုကား အံချော်မှုများနှင့် မကင်းနိုင်သည်မှာ ဓမ္မတာပင်
ဖြစ်ချေ၏။

သစ်ပင်ငယ်များကို ဖြောင့်ယူရလွယ်တတ်သော်လည်း ရင့်လေပြီးသစ်ပင်ကောက်တို့ကို
ဖြောင့်ယူရန်မှာကား မလွယ်လှတော့ချေ၊ မဖြောင့်မဖြစ်၍ ဖြောင့်ရချေသော် ဗကာချရ
သည်ကများတတ်လေသည်။ ယခုလည်းတိုးမောင်တစ်ယောက် ရင့်လေပြီးသော
သစ်ပင်ကောက်ကဲ့သိုဖြစ်နေသဖြင့် ဒဏ်ကြေးတည်းဟူသောလွှနှင့် ဗကာချခြင်း ခံရလေပြီ။

"တပည့်တော် သားသ္မီးကံကိုကဆိုးပါတယ်ဘုရား။ ခုလည်းဒီဒဏ်ကြေး တပည့်တော်ပဲပေးရ
ဦးမှာပါပဲဘုရား။ သားဆိုးအမေသာတပေပေမဟုတ်ဘူး၊ သားဆိုးအဖေလည်း တပေပေပါပဲ
ဘုရား။ "

ဤအရှင်ကား ဝမ်းနည်းပမ်းနည်း လျှောက်ထားနေသော ဦးလူဝအတွက် အားပေးစရာ
ရှာမရခဲ့။ နှစ်သိမ့်စရာစကားလည်းရှာမရခဲ့။ သို့သော် "ငါ ကလေးတွေအတွက် ယဉ်ကျေးမှု
သင်တန်းဖွင့်ပေးရမယ်" ဟူသောဆုံးဖြတ်ချက်ကား ခိုင်မာစွာပေါ်ပေါက်ခဲ့လေသတည်း။

Tuesday, March 23, 2010

ယူသနေစီးယားနှင့်မာတုဃာတကကံ

တစ်နေ့စာကြည့်နေခိုက်----
နေကောင်းပါရဲ့လား အရှင်ဘုရား"ဟု မေးမြန်းနှုတ်ဆက်သံကြောင့်
"အော်-နေကောင်းပါတယ်၊ မပေါ်လာတာ အတော်ကြာပါပကောလား
ဒကာထူးရဲ့"ဟုပြန်လည်နှုတ်ဆက်လိုက်ရ၏။

"မပေါ်လာတာကြာဆို တပည့်တော်မိခင်ကြီး ကျန်းမာရေးမကောင်းတာ
ရန်ကုန်ထိသွားပြီး ဆေးကုပေးနေခဲ့ရလို့ပါဘုရား၊ အခုတော့ ကျန်းမာရေး
ကောင်းသွားပါပြီ၊ အဲဒါ အရှင်ဘုရားအတွက် လှူစရာကလေးတွေလည်း
ပါလာ၊ မေးစရာလေးတွေလည်း တွေ့လာခဲ့ရလို့ပါဘုရား။"

"လှူစရာကိုတော့ ထားပါဦး၊ မေးစရာကို အရင်သိပါရစေ။"

"ဒီလိုပါဘုရား၊ ရန်ကုန်ဆေးခန်းမှာတုန်းက တပည့်တော်တို့ အမေအရွယ်
အသက်ခုနစ်ဆယ်ကျော် အဘွားကြီးတစ်ယောက် ဆေးကုသမှုခံယူနေ
တာကိုတွေ့ခဲ့ရပါတယ်ဘုရား၊ ရောဂါက သားအိမ်ကင်ဆာလို့ ဆိုပါတယ်။
နာလွန်းလို့ထင်ပါရဲ့ဘုရား၊ အော်လိုက် ညည်းလိုက်နဲ့ တလူးလူး တလွန့်လွန့်
ဖြစ်နေတာ မြင်ရ ကြားရတဲ့ သူတွေတောင်မသက်သာလှဘူးပေါ့ ဘုရား။"

"ဒီလိုနဲ့ သားသမီးတွေက စိတ်ဓာတ်ကျပြီး မကြည့်ရက်တော့တဲ့အဆုံးမှာ
ဆရာဝန်ကြီးကို သူတို့အမေကို ယူသနေစီးယား လုပ်ပေးဖို့ တောင်းပန်
ကြတော့တာပါပဲဘုရား။"

"နေပါဦး ဒကာထူးရဲ့၊ ယူသနေစီးယားဆိုတာ နောက်ဆုံးပေါ်ကုထုံးလား၊
ဆေးဆုံးသုံးပြီး ကုပေးဖို့ပြောတာလား။"

"ဘယ်ကဟုတ်ရမှာလဲဘုရား၊ ယူသနေစီးယား (Euthanasia) ဆိုတာ
မနာမကျင်ရလေအောင် လူနာကို ညင်ညင်သာသာ ကိစ္စတုံးပစ်တဲ့နည်းကို
ဆိုတာပါဘုရား။"

"ဟာ-ဖြစ်ရလေ ဒကာထူးရယ်၊ အဲဒီတော့ ဆရာဝန်ကြီးက လုပ်ပေးလိုက်ရော့လား။"

"လျှေက်ပါ့မယ်ဘုရား၊ ဆရာဝန်ကြီးက ဘာသာရေးကို အတော်ကိုင်းရှိုင်းပုံရပါတယ်
ဘုရား၊ ဒီလိုယူသာနေစီးယားလုပ်တယ်ဆိုတာ တကယ်တော့ သူ့အသက်ကိုသတ်
တာပဲတဲ့၊ ဝေဒနာခံစားရတာကတော့ လူနာရဲ့ကံတရား အကျိုးပေးပေါ့လေ၊ ဒီလို
မလုပ်ချင်ကြပါနဲ့လို့ အတော်ရှည်ရှည်ဝေးဝေး ရှင်းပြပါတယ်ဘုရား။"

"ပြီးတော့ ဆရာဝန်ဆိုတာ လူနာကို အသက်ရှည်ကျန်းမာအောင် တတ်စွမ်းသမျှ
ကုသပေးကြရတဲ့သူတွေသာဖြစ်ပြီး လူနာကရော လူနာရှင်တွေကပါ ဘယ်လောက်
လိုလားလိုလား အသက်တိုအောင်လုပ်ပေးတဲ့သူ လူနာရဲ့ကံကို အဆုံးသတ်ပေးတဲ့
သူတွေမဖြစ်သင့်ပါဘူးတဲ့။"

"နောက်ပြီးစဉ်းစားစရာက သူမသေခင် ကုရနိုင်တဲ့နည်း ကုရနိုင်တဲ့ဆေး မပေါ်ဘူး
လို့လည်းမဆိုနိုင်ဘူး၊ သတ္တဝါတစ်ခု ကံတစ်ခုဆိုတာကိုလည်း သတိပြုရပါမယ်တဲ့
ဘုရား။"

"ဒါတွေဟာ ဒေါက်တာမောင်မောင်ညိုရေးတဲ့ ရောဂါဆန်းနဲ့ဇာတ်လမ်းများ စာအုပ်
ထဲကရရှိထားတဲ့ ဗဟုသုတ အသိတရားတွေကို တဆင့်ဖြန့်ဝေပေးတာပါတဲ့။"

"ဆရာဝန်တွေဘက်က နောက်ဆုံးပေါ်နည်းပညာတွေ၊ ဆေးဝါးတွေနဲ့ တတ်စွမ်းသမျှ
ကုသပေးနေသလို လူနာရှင်တွေဘက်ကလည်း အတတ်နိုင်ဆုံး ပြုစုယုယမှုတွေ
ပေးကြပါလို့ ပြောသွားပါသေးတယ်ဘုရား။"

"အင်း--တော်တော် သဘောထားပြည့်ဝတဲ့၊ ဗဟုသုတပြည့်စုံတဲ့ဆရာဝန်ကြီးပဲကိုး၊
အထူးသဖြင့် ဒါတွေကိုတင်ပြပေးတဲ့ ဒေါက်တာ မောင်မောင်ညိုကို လေးစားစရာပါပဲ။
ဒါနဲ့ ဒကာထူး မေးစရာတွေဆိုတာက---။"

"သြော်-ဒီလိုပါဘုရား၊ အကယ်၍သာ လူနာရဲ့သားသမီးတွေ တောင်းဆိုတဲ့အတိုင်း
ယူသနေစီးယားလုပ်ပေးလိုက်ရင် တောင်းဆိုတဲ့သူတွေနဲ့ လုပ်ပေးတဲ့သူမှာ ဘယ်လို
အပြစ်မျိုးတွေ ဖြစ်နိုင်မလဲ သိချင်တာပါဘုရား။"

"မေးလဲမေးထိုက် သိလည်းသိထိုက်တာပဲ ဒကာထူးရေ။ တောင်းဆိုတဲ့သူတွေက လူနာရဲ့
သားသမီးအရင်းတွေ စစ်မှန်ခဲ့ရင်တော့ မာတုဃာတကကံ ထိုက်မှာဖြစ်ပြီး လုပ်ပေးတဲ့
အခြားသူကတော့ ပါဏာတိပါတကံ ထိုက်မှာပါပဲ။"

"ဒီနေရာမှာ မာတုဃာတကကံထိုက်ရတာကတော့ ယူသနေစီယားလုပ်ပေးဖို့ တောင်းပန်
တာက သတ်တဲ့ပုံစံ (၆) မျိုးထဲက အာဏတ္တိက ခေါ်တဲ့ စေခိုင်း၍သတ်ခြင်းဆိုတဲ့ အထဲမှာ
အကျုံးဝင်နေတာရယ်၊ အသတ်ခံရသူကလည်း လူသားစစ်စစ်ဖြစ်တဲ့ အမေရင်း၊ သတ်သူ
(စေခိုင်းတောင်းပန်သူ) ကလည်း လူသားစစ်စစ် သားသမီးအရင်းဖြစ်နေတာရယ်၊ အဲဒီ
စေခိုင်းမှု ပယောဂကြောင့်ပဲ သေဆုံးတာရယ်တို့ကြောင့် မာတုဃာတကကံ ( အမေသတ်
တဲ့ကံ) ထိုက်ရတာပါပဲ။"

"တင်ပါ့ဘုရား၊ အရှင်ဘုရားပြောတဲ့အထဲက သတ်တဲ့ပုံစံ (၆) မျိုးဆိုတာနဲ့ လူသားစစ်စစ်
ဆိုတာတွေကို မိန့်ပါဦးဘုရား။"

"သတ်တဲ့ပုံစံ (၆) မျိုးဆိုတာက
(၁) ကိုယ်တိုင်ကိုယ်ထိလက်ရောက်သတ်ခြင်း (သာဟတ္ထိက)၊
(၂) စေခိုင်း၍သတ်ခြင်း (အာဏတ္တိက)၊
(၃) ပတ်ခတ်၍သတ်ခြင်း (နိဿဂ္ဂိယ)၊
(၄) ကျသေ ထိသေအောင် တွင်းတူး၊ ဗုံးထောင်၊ ငြောင့်တံသင်းထောင်ထား၍သတ်ခြင်း
(ထာဝရ)
(၅) စုန်းအတတ်၊ မှော်အတတ်စတဲ့ အတတ်တစ်မျိုးမျိုးနဲ့သတ်ခြင်း (ဝိဇ္ဇာမယ)
(၆) ကံကြောင့်ဖြစ်တဲ့ တန်ခိုးနဲ့သတ်ခြင်း (ကမ္မဇိဒ္ဓိ) -တို့ပါပဲ။"

"နောက်လူသားစင်စစ်ဆိုတာက မာတုဃာတက၊ ပိတုဃာတကကံတွေမှာ သတ်သူရော၊
အသတ်ခံရသူပါ လူသားစစ်စစ်တွေဖြစ်ပါမှ ဒီကံတွေကထိုက်တာ၊ သီဟဗာဟုတို့မှာလို
အသတ်ခံရသူအဖေက တိရစ္ဆာန်ဖြစ်ပြီး၊ သတ်တဲ့သူ သားသမီးကလူဖြစ်ရင်တော့ ဒီကံ
ကြီးတွေမထိုက်နိုင်ဘူးလို့ ဆိုလိုတာပါ၊ ဒီကံကြီး (အာနန္တရိယကံ) တွေ ထိုက်မှု-မထိုက်မှု
နဲ့ပတ်သက်ပြီး အကျယ်တဝင့် သိချင်ရင်တော့ သမန္တစက္ခုဒီပနီကျမ်းမှာ ကြည့်နိုင်ပါတယ်။"

"မှန်ပါဘုရား၊ အကယ်၍ ဒီကံကြီးထိုက်သွားရင် ပစ္စုပ္ပန်ဘဝနဲ့ တမလွန်ဘဝတွေမှာ ခံစား
ရမယ့် အကျိုးအာနိသင်တွေကိုလည်း သိလိုပါသေးတယ်ဘုရား။"

"ပစ္စုပ္ပန်ဘဝမှာတော့ ဈာန်တရား၊ မဂ်တရား၊ ဖိုလ်တရားတွေ လုံးဝမရနိုင်တော့ဘူး။ အများ
တကာရဲ့ ရှုတ်ချခံရမှုတွေကိုတော့ တွေးကြည့်ရင် သိနိုင်လောက်ပါတယ်။ အဇာတသတ်
မင်းတို့လို ညဘက်အိပ်မပျော်တာတွေစတဲ့ နောက်ဆက်တွဲတွေကလည်း အများကြီးပဲပေါ့။
အဲ-တမလွန်လားရာဂတိကတော့(ဘယ်လိုကောင်းမှုတွေကိုပဲ ပြုထားစေဦး၊ ပြုပေဦးတော့)
ဒီဘဝကသေရင် ငရဲမှာတပ်အပ်ကျဖြစ်မှာ အသေအချာပါပဲ။"

"ယခုလိုသိခွင့်ရတာ ကျေးဇူးကြီးလှပါတယ်။ ဟိုလူနာရှင်သားသမီးတွေကတော့ ဆရာဝန်
ကြီးရဲ့ကောင်းမှုကြောင့် ဒီကံကြီးကလွတ်သွားကြရတာပဲဘုရား၊ တော်ပါသေးရဲ့။"

"အင်း-မရှိတာထက် မသိတာခက်တယ်လို့ဆို မဟုတ်လားကိုထူးရဲ့၊ သိသင့်သိထိုက်တာ
တွေကို သိအောင် လေ့လာထားကြရမှာပေါ့။"

"တင်ပါ့ဘုရား၊ တပည့်တော်တို့လို မိအို ဖအိုတွေနဲ့ နေရတဲ့သူတွေ ပိုပြီးသိသင့်ပါတယ်ဘုရား။
တပည့်တော်လည်း တတ်နိုင်သလောက် လက်ဆင့်ကမ်းမှာပါပဲဘုရား။"

"မိဘစတဲ့ ကျေးဇူးရှင်ကြီးတွေဟာ မီးနဲ့ပမာတူတယ်တဲ့ ဒကာထူးရဲ့၊ မီးဆိုတာ သုံးတတ်ရင်
ထမင်းချက်၊ အနွေးငွေ့လှုံ၊ အလင်းရောင်ယူ အမျိုးစုံအောင် သုံးလို့ရပေမဲ့၊ မသုံးတတ်ရင်တော့
လောင်တတ် ကျွမ်းတတ်တာ သဘာဝပါပဲ၊ ဒါကြောင့် ငရဲမီး အလောင်မခံရအောင်
ရှောင်ရှားပြီး၊ လူနတ်နိဗ္ဗာန် ချမ်းသာရအောင် ဒီမီးအလင်းရောင်ကြီးတွေကို သုံးတတ်ပါစေ
ဒကာထူးရေ။"

"ဤသို့ဖြင့် ဒကာထူးတစ်ယောက် ပါလာသောလက္ဘက်ခြောက်ကို လှူပြီး ရိုသေစွာ ဦးချ
လိုက်လေသတည်း။"

(ဓမ္မရတနာမဂ္ဂဇင်း၌ "သတ်စေခြင်း သေစေခြင်း"အမည်ဖြင့် ဖော်ပြပြီး)

Friday, March 19, 2010

ဘုရားဟောထက်ယုံသလား

"ရွာကဒေါ်ပုတို့လင်မယား တပည့်တော်တို့ အိမ်ရောက်နေကြပါတယ်ဘုရား။"

"အင်း"

"သူ့ခင်ပွန်းနေမကောင်းလို့ ဆေးလာကုကြတာပါဘုရား"

"ဟင်-သူ့တို့ သ္မီးအိမ်မှာ မတည်းကြဘူးလား"

"သူ့သ္မီးကတော့ လာလာကြည့်ပါတယ်ဘုရား၊ အိမ်မှာပေးမတည်းတာကတော့
ဗေဒင်က လူဝင်မသင့်ဘူး ဟောထားလို့ဆိုပဲဘုရား။"

"ဟင်-မင်္ဂလာတရားတွေ ပျက်ပါပေါ့ ဒကာကြီးရ၊ ဘယ့်နှယ် ဘုရားဟောထက်
ဗေဒင်ဟောကိုမှပိုယုံရတယ်လို့၊ ဗုဒ္ဓဘာသာမှဟုတ်ပါလေစ။ ဟေ့ ကျောင်းသားတစ်
ယောက်လောက်ခဏလာခဲ့စမ်း၊ ဒေါ်ပုတို့ သ္မီးနဲ့သားမက်ကို သိတယ်မဟုတ်လား။
သွားခေါ်ချေ။ ဆရာတော် ခေါ်တယ်လို့ ပြောလိုက်။"
**************************************************************

(ဖော်ပြပါ အဖြစ်အပျက်ကား ဆရာဘုန်းတော်ကြီး၏ကျောင်းသို့ ခေတ္တရောက်ရှိခိုက်
ကြားသိလိုက်ရသော အဖြစ်အပျက်ပင်ဖြစ်ပါ၏။ မကြာမြင့်မီပင် ဒေါ်ပု၏ သ္မီးနှင့်သားမက်
တို့ရောက်လာကာ ဆရာတော်အားဦးချကန်တော့ကြလေ၏။)

"ဆရာတော် ခေါ်တယ်ဆိုလို့ပါဘုရား။"

"အေး၊ နင်တို့နေကောင်းကြရဲ့လား။"

"ကောင်းပါတယ်ဘုရား။"

"နင်တို့အဖေ အမေတွေရော။"

"အဖေ နေမကောင်းလို့ ဆေးကုမလို့ရောက်နေကြပါတယ်ဘုရား။"

"ဘယ်တုန်းကရောက်ကြတာလဲ ၊ နင်တို့အိမ်မှာပဲလား။"

"မနေ့ညနေကပါဘုရား၊ ဦးကြီးတိုးတို့အိမ်မှာတည်းကြပါတယ်ဘုရား။"

"အေး-အဲဒါကြားလို့ခေါ်ရတာပဲ။ နင်တို့အိမ်မှာ ဘာလို့မတည်းကြတာလဲ၊"

"ဟို-ဟို ဗေဒင်ကလူဝင်မသင့်ဘူးဆိုလို့ပါဘုရား။ တပည့်တော်မ ဘယ်လို
လုပ်ရမလဲဘုရား။"

"အေး အဲဒါပြောချင်လို့ အခေါ်ခိုင်းလိုက်ရတာပဲ။ သေသေချာချာစဉ်းစား
ကြည့်စမ်း၊ ခုလာတာ တစိမ်းတွေလား၊ မိဘတွေလား၊ ဟင်--။"

"မိဘတွေပါဘုရား"

"သူတို့ခမျာ အပျော်လာကြတာလား ဆေးလာကုကြတာလား။"

"ဆေးလာကုကြတာပါဘုရား"

"အေး-နင်တို့ ငယ်ငယ်ကတည်းက ခုချိန်ထိကျအောင် ဘယ်အကြောင်းကြောင့်ပဲ
မိဘအိမ်ကိုသွားသွား နင်တို့မိဘတွေက လူဝင်မသင့်ဘူးလို့ ဘယ်တုန်းကများ
ငြင်းခဲ့ဖူးကြသလဲဟင်၊ စဉ်းစားကြစမ်း။"

"ဟိုကောင် မောင်သောင်း မင်းငယ်ငယ်တုန်းကကျက်ခဲ့ရတဲ့ မိဘကိုပြုစုလုပ်ကျွေး
ခြင်းသည်လည်း မင်္ဂလာမည်၏ ဆိုတဲ့အပိုဒ်ကို ခဏရွတ်ကြည့်စမ်း။"

"မာတာပိတု ဥပဋ္ဌာနံ ၊ ပုတ္တဒါရဿ သင်္ဂဟော
အနာကုလာစ ကမ္မန္တာ ၊ ဧတံ မင်္ဂလမုတ္တမံ" ပါဘုရား။"

"အေး-မှတ်မိလို့တော်သေးတာပေါ့၊ မင်းကအိမ်ထောင်ဦးစီးပဲ၊ မိန်းမလုပ်တဲ့သူက
မသိရင်တောင် မင်းကပြောဆိုဆုံးမရမှာပေါ့၊ ခုတော့ လူကြားလို့များကောင်းရဲ့လား၊
အိမ်ထောင်တစ်ခု တည်ထောင်ကြသူတွေဟာ သူ့မိဘကိုလည်း ကိုယ့်မိဘလို
သဘောထားရမယ်မဟုတ်လားကွ ဟေ-။"

"တင်ပါ့ဘုရား"

"ခုတော့ လူဝင်မသင့်ဘူးလို့ ဗေဒင်ဆရာကပြောလိုက်တာနဲ့ မင်္ဂလာတရားကြီးကို
လွှင့်ပစ်လိုက်ကြပြီ၊ မင်္ဂလာတရားကြီးကိုမှ လွှင့်ပစ်လိုက်ကြရင် မင်္ဂလာပျက်ပြီပေါ့ကွ။
ဘယ်ကလာ မင်္ဂလာရှိတော့မှာလဲ။ "

"မိဘကိုလုပ်ကျွေးခွင့်ရတယ်ဆိုတာ သူတော်ကောင်းတွေကတော့ ဧရာမအခွင့်
အရေးကြီးလို့ နားလည်ကြတယ်ကွ။ သူတော်ကောင်းတွေဟာ မိဘတွေ ဒုက္ခ
ရောက်ရင် ငိုလည်းငိုတယ်၊ ရီလည်းရီတယ်တဲ့ကွ၊ ငိုတာက မိဘတွေအတွက်
စိတ်မကောင်းလို့၊ ရီတာက မိဘတွေကိုပြုစုလုပ်ကျွေးခွင့်ရလို့တဲ့ကွ၊ နားလည်ကြရဲ့လား။"

"တင်ပါ့၊ နားလည်ပါပြီဘုရား"

"အေး-နင်တို့က ဗုဒ္ဓဘာသာဝင်တွေပဲ၊ သူတော်ကောင်းတွေ အမူအကျင့်ကို မလိုက်နာ
ထိုက်ကြဘူးလား။"

"မှတ်ထားကြစမ်း၊ ဗေဒင်ဆိုတာက မှားသည်ရှိ/မှန်သည်ရှိလိမ့်ဦးမယ်။ ဘုရားဟောကတော့
မှားတယ်ရယ်လို့မရှိဘူးကွ။ နင်တို့က ဘုရားဟောမှန်သမျှ လောကီကြောင်းနဲ့ဘာမှ မဆိုင်ဘူး
လို့များထင်နေကြသလားမသိဘူး။ မောင်သောင်း - သားသ္မီးတို့ကျင့်ရာသောဝတ္တရားတွေကို
ရွတ်စမ်း။"

"ကျွေးမွေးမပျက် ၊ ဆောင်ရွက်စီမံ
မွေခံထိုက်စေ ၊ လှူမျှဝေ၍
စောင့်လေမျိုးနွယ်"---ပါဘုရား။"

"အေး-အဲဒါဘုရားဟောကွဲ့၊ ဗေဒင်ဟောမဟုတ်ဘူး။ သဘောပေါက်ရဲ့လား။"

"သဘောပေါက်ပါပြီဘုရား။"

"လူဆိုတာ လူ့ဝတ္တရားကျေပြွန်အောင် ကြိုးစားကြရမယ်ကွဲ့၊ သဘောပေါက်ကြရဲ့လား။"

"တင်ပါဘုရား၊ နောက်လည်းအမြင်မတော်တာရှိရင် ဆုံးမတော်မူပါဘုရား။"

"အေး-နင်တို့မိဘတွေကိုပါ ကန်တော့လိုက်ကြဦး၊ ကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်
ကြ၊ ကြားကြရဲ့လား။"

"တင်ပါ့ဘုရား။"

"အေးအေး ငါ့တပည့်တွေ ကျန်းမာကြပါစေကွယ်။ "
********************************************************************

မောင်သောင်းတို့ ဇနီးမောင်နှံပြန်သွားကြပြီးနောက် ဤအရှင်လည်း ဆရာတော်ဘုရားကို
ကြည်ညိုစွာ ဦးချလိုက်ပြီး မိမိနေရာသို့ပြန်လာခဲ့ပါ၏။ မိမိနေရာသို့လာနေသော ဤအရှင်၏
အတွေးများထဲတွင် ဆရာတော်ထေရ်အရှင်၏ တပည့်များအပေါ်ထားရှိသော ကရုဏာတရားနှင့်
တပည့်များ၏ ဆရာသမားအပေါ်ချစ်ကြောက်ရိုသေပုံများသည် ထပ်ကြပ်မကွာ လိုက်ပါ
လာကြချေ၏။ တာဝန်ကျေလွန်းသော ဆရာတော်ကြီးပေတကား။

ထို့ပြင်တဝ ဗေဒင်ဆရာပြောသမျှ ဘာနှင့်မျှ မချိန်ဆတော့ပဲ လိုက်နာမိမှားခဲ့ကြသဖြင့်
နစ်နာခဲ့ကြရရှာသော မိမိရွာသားတို့၏ပုံရိပ်များလည်း အတွေးထဲတွင် ဝင်ရောက်လာရာ
အောက်ပါ ကဗျာကိုသာ ချရေးမိလိုက်ပါတော့သတည်း---။ ကျန်းမာကြပါစေ--။

ယတြာဗွက်မှရုန်းထွက်ခြင်း

ငါတို့ရွာတွင် ၊ ဟိုယခင်က
ဗေဒင်ဆရာ ၊ ယတြာတို့
အရာရာကို လွှမ်းခဲ့သည် ။

မကျန်းမာလျက် ၊ ဆေးရုံတက်ဖို့
တွက်ချက်နှေးဖင့် ၊ အချိန်လင့်၍
လွင့်ပါးသူများ ရှိဖူးသည် ။

ရွှေပျောက်,ငွေပျောက် ၊ အနောက်မြောက်ဟု
ယွင်းဖောက်ရမ်းတုတ် ၊ အဟောထုတ်၍
ရန်လုပ်တုတ်ထမ်း ကြမ်းဖူးသည် ။

မိဘနှစ်ဖြာ ၊ အလည်လာစဉ်
လူဝင်မသင့် ၊ ဟောထားနှင့်၍
တောင်ကြီးမြင့်မိုရ် ငိုဖူးသည် ။

ကံဉာဏ်ဝီရိယ ၊ စွမ်းအားမျှနှင့်
မရလေဟန် ၊ လုပ်ဇာတ်ဖန်၍
အကြံဖောက်လွှဲ ၊ စာမေးပွဲတွင်
မလွဲစိမ့်ငှါ ၊ ချီးမြှင့်ပါသည့်
ယတြာအားကိုး ၊ သစ်ရွက်ထိုးနှင့်
အမျိုးပေါင်းစုံ ၊ ဖွ,ဖွဲ့,ဥုံ,အောင့်
ခြေဆောင့်,လက်မြှောက် ၊ မူဟန်ဖောက်၍
စိတ်နောက်ကျောင်းသား ၊ မိဘများတို့
အများပြားပင် ရှိဖူးသည် ။

ယခုအခါ ၊ ငါတို့ရွာတွင်
ဆရာတော်ဘုရား ၊ ဟောမိန့်ကြားသည့်
ဘုရားဆုံးမ ၊ မြတ်ဓမ္မနှင့်
ဓမ္မရံသီ ၊ လင်းရောင်ခြည်တို့
စုံညီပေါင်းစပ် ၊ အလင်းဓာတ်ကြောင့်
လူနပ်စားပေါက် ၊ ဗေဒင်အောက်မှ
လွတ်မြောက်သောသူ များခဲ့ပြီ ။

ကံဉာဏ်ဝီရိယ ၊ စွမ်းအားမျှနှင့်
မရလေဟန် ၊ လုပ်ဇာတ်ဖန်သည့်
အကြံပက်စက် ၊ ယတြာဗွက်မှ
ရုန်းထွက်နိုင်သူများခဲ့ပြီ ။

မှတ်တမ်းပြုစု ၊ ကဗျာနုဖြင့်
ဂုဏ်ပြုဝမ်းမြောက် နိုင်ခဲ့ပြီ ။